အလုပ်လျှောက်ရန်

အဘယ့်ကြောင့် စထရောင်းကုမ္ပဏီကို ရွေးချယ်သင့်သလဲ?

ကျွန်ပ်တို့သည် ၀န်ထမ်းများအားလုံး၏ အထောက်အပံ့နှင့် ကြိုးစားအားထုတ်မှုများကို တန်ဖိုး ထားပါသည်။ ၀န်ထမ်းများ၏ သစ်လွင်မှု၊ သမာဓိရှိမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကျွန်ုပ်တို့ ကုမ္ပဏီအတွက် အလွန်အရေးကြီးသော အချက်အလက်များဖြစ်ပါသည်။

မိမိတို့ကုမ္ပဏီမှ ထုတ်လုပ်သည့် အလူဇင့်ရောင်စုံအိမ်မိုးပြား ကုန်ပစ္စည်း၏ အရည်အသွေး မြင့်မားလာစေရန်နှင့် ကုန်ချောများ နည်းစနစ်တကျ ထုတ်လုပ်နိုင်စေရန်အတွက် ၀န်ထမ်းများ အား ကျွမ်းကျင်အောင် သင်တန်းများ ပို့ချပေးပါသည်။

ကျွန်ပ်တို့သည် မြန်မာနိုင်ငံရှိ အိမ်မိုးပြားနှင့်ဆောက်လုပ်ရေးပစ္စည်းဈေးကွက်ကို တိုးချဲ့မြင့်မား စေရန်အတွက် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်နေပါသည်။

ကုမ္ပဏီ၌ရှိသော ဌာနများ

Finance

Sales & Marketing

Manufacturing

Quality Control

Admin & Human Resources

Quality Management Representative

ကုမ္ပဏီတွင် အလုပ်ဝင်ခန့်စာ လျှောက်ထားပုံ

ပထမအဆင့်

လက်ရှိတွင် ကုမ္ပဏီတွင် လိုအပ်နေသော ရာထူးများကို သက်ဆိုင်ရာရုံးခွဲအား ဖုန်း (သို့မဟုတ်) Email နှင့် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဒုတိယအဆင့်

အလုပ်လျှောက်လွှာကို အောက်ဖော်ပြပါတွင် Download ဆွဲပြီး ဖြည့်ပါ။ ပြီးလျှင် သက်ဆိုင်ရာရုံးခွဲတွင် တင်သွင်းပါ။

တတိယအဆင့်

သက်ဆိုင်ရာရုံးခွဲကို လာရောက်ပြီး Interview ဖြေဆိုပါ။ ကုမ္ပဏီမှ တစ်ပတ်အတွင်း ပြန်လည်အကြောင်းကြားပေးမည်ဖြစ်ပါသည်။

စတုတ္ထအဆင့်

ကျွန်ပ်တို့သည် မိတ်ဆွေ၏ အရည်အချင်းနှင့် အတွေ့အကြုံများကို သေချာစစ်ဆေးစဉ်းစားပေးပါမည်။

ပဉ္စမအဆင့်

ကျွန်ပ်တို့၏ ကုမ္ပဏီမှ လှိုက်လှဲစွာ ကြိုဆိုပါသည်။